Strength Enhanced Superplasticizer, ASTM C494 Type F

CC900S သည် ကွန်ကရိခံနိုင်အား (Strength) ကိုအထူးတိုးမြှင့်ပေးသည့် ရောစပ်ပစ္စည်းဖြစ်သည်။

ရောစပ်ရသောရေပမာဏကိုအထူးလျော့ချပေးနိုင်ပြီး အလုပ်လုပ်ကိုင်ရာတွင်လည်း လွယ်ကူမှုရှိစေသည်။ ISO:9001 အဆင့်မှီ စံချိန်စံညွှန်းရှိ ကုန်ကြမ်း ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် များဖြင့်ကိုက်ညီသောအရည်အသွေးမြင့် ရောစပ်ပစ္စည်း များဖြစ်ပါသည်။ 

ရည်ညွှန်းချက် = ASTM C494 Type F

CC900S ဆေးရည်ကို ဘိလပ်မြေ ၃ အိတ် လျှင် တစ် လီတာနှုန်း (သို့မဟုတ်) ဘိလပ်မြေ အလေးချိန်၏ 0.5% မှ 2.0% အထိ ရောစပ်အသုံးပြုခြင်းဖြင့် ရေရောစပ်ရသောပမာဏကို 30% ထိလျော့ချနိုင် ၍ ကွန်ကရိစွမ်းအားကို + 40% အထိ တိုးတက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည် ကိုပါ အလွန်ကောင်းမွန်စေသည်။ ဥပမာ – 1:2:4 ကွန်ကရိတွင်ထည့်သုံးပါ က ဘိလပ်မြေ၊သဲ၊ ကျောက် အရည်အသွေးပေါ်မူတည်၍ ၇ ရက်အတွင်းတွင် 4000psi (cube) ရစေသည်။

 ဤဆေးရည်သည် ကွန်ကရိလောင်းပြီးချိန်မှ ၈ နာရီအတွင်းတွင်စတင် မာခဲလာ ပြီး ၇ ရက်အတွင်းတွင် လိုအပ်သော Strength ကို ရရှိစေသည့်အတွက် Form Work စရိတ်ကုန်ကျမှု လျော့ကျစေပြီး Construction Time ကို တိုစေသည်။ အပူကြောင့်မျက်နှာပြင်ကွဲခြင်း ( Shrinkage, Creep ) ကိုသက်သာစေပြီး ရေစိမ့်ဝင်မှုကို ကာကွယ်သည်။

 ဤဆေးရည်သည် ကွန်ကရိမာခဲချိန် (Hardening Time) ကို မြန်စေသောကြောင့် ဘိလပ်မြေ ရွတ်လုပ်ငန်းများ (Plastering) များတွင်သုံးရန် မသင့်လျော်ပေ။

CC900S ကိုစွမ်းအားမြှင့်ကွန်ကရိလောင်းခြင်း၊ ကြိုတင်သွန်းလောင်းကွန်ကရိလုပ်ငန်းများ၊ ကြိုတင်စွမ်းအားဖြည့် ကွန်ကရိလုပ်ငန်းများ၊ အုတ်မြစ် (sub-structure)၊ တိုင်၊ ယက်မနှင့် နံရံများ (Super Structure) ၊ စက်ရုံကြမ်းခင်းများ (Slab)၊ ကွန်ကရိ အုတ် လုပ်ငန်းများနှင့် လမ်းလုပ်ငန်းများတွင် တွင်ကျယ်စွာအသုံးပြုနိုင်ပါသည်။

Strength Improving Retarder, ASTM C494 Type B & D

CC800R သည်ကွန်ကရိခံနိုင်ရည်အား အထူးတိုးမြှင့်ပေး၍၊ အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူမှုရှိစေသော ရောစပ်ပစ္စည်းဖြစ်သည်။ ကွန်ကရိ အိပ်ခြင်း (Setting Time) ကို ၂ နာရီမှ ၄ နာရီထိ ထိန်းထားပေးနိုင်သည်။ ISO:9001 အဆင့်မှီ စံချိန်စံညွှန်းရှိ ကုန်ကြမ်း ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် များဖြင့်ကိုက်ညီသောအရည်အသွေးမြင့် ရောစပ်ပစ္စည်းများလည်းဖြစ်ပါသည်။

ရည်ညွှန်းချက် = ASTM C494 Type B & D

CC800R ဆေးရည်ကို ဘိလပ်မြေ ၃ အိတ်လျှင် တစ် လီတာနှုန်း (သို့မဟုတ်) ဘိလပ်မြေ အလေးချိန်၏ 0.4% မှ 0.8% အထိ ရောစပ်အသုံးပြုခြင်းဖြင့် ရေရောစပ်ရသောပမာဏကို 5% မှ 8% ထိလျော့ချနိုင် ၍ ကွန်ကရိစွမ်းအားကို + 25% အထိ တိုးတက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည် ကိုပါ ကောင်းမွန်စေသည်။ ဥပမာ – 1:2:4 ကွန်ကရိတွင်ထည့်သုံးပါ က ဘိလပ်မြေ၊သဲ၊ ကျောက် အရည်အသွေးပေါ်မူတည်၍ ၇ ရက်အတွင်းတွင် 3000psi (cube) ရစေသည်။ 1:3, 1:4, 1:5 Mortar များတွင်ရောသပ်အသုံပြုပါက၊ ရေပါဝင်မှု ပမာဏကို လျော့ကျစေ၍ အပူကြောင့်ကွဲခြင်း ( Shrinkage, Creep ) ကို သက်သာစေပြီး ရေစိမ့်ဝင်မှုကိုကာကွယ်သည်။ ဘိလပ်မြေအိပ်ခြင်း (Setting Time) ကို ၂ နာရီမှ ၄ နာရီအထိ ထိန်ထားပေးခြင်းအားဖြင့် လိုအပ်သော Shape ရအောင် (finishing) လွယ်ကူစွာဆောင်ရွက်နိုင်သည်။ 

CC800R ကို ရာသီဥတု အပူချိန်မြင့်မားချိန်တွင် ကွန်ကရိလောင်းခြင်း၊ Ready Mixed ကွန်ကရိလောင်း ခြင်းများ၊ ကွန်ကရိဖျော်စက်မှ ဝေးကွာသောနေရာသို့ကွန်ကရိ သယ်ယူ သွန်းလောင်းခြင်း၊ ကြိုတင် စွမ်းအားဖြည့် ကွန်ကရိ လုပ်ငန်းများ၊ ကွန်ကရိအုတ်လုပ်ငန်း၊ လမ်း၊ စက်ရုံကြမ်းခင်း လုပ်ငန်များတွင်လည်းတွင်ကျယ်စွာ အသုံးပြုနိုင်ပါသည်။ 

High Strength Concrete Admixture, ASTM C494 Type G

CC700SR သည်ကွန်ကရိခံနိုင်ရည်အား အထူးတိုးမြှင့်ပေး၍၊ အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူမှုရှိစေသော ရောစပ်ပစ္စည်းဖြစ်သည်။ ကွန်ကရိ အိပ်ခြင်း (Setting Time) ကို ၂ နာရီမှ ၄ နာရီထိ ထိန်းထားပေးနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် ရေရောစပ်ပမာဏ (Water Cement Ratio) ကိုပါလျော့ချ ပေးနိုင်သော ရောစပ်ပစ္စည်းဖြစ်သည်။ ဆေးရည်ကို Batching Plant များနှင့် Pre-Cast Yard များတွင်စွမ်းအားမြှင့် ကွန်ကရိ ထုတ်လုပ်ရန် အထူးသင့်လျော်လှသည်။ ISO:9001 အဆင့်မှီ စံချိန်စံညွှန်းရှိ ကုန်ကြမ်း ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် များဖြင့်ကိုက်ညီသောအရည်အသွေးမြင့် ရောစပ်ပစ္စည်းများလည်းဖြစ်ပါသည်။

ရည်ညွှန်းချက် = ASTM C494 TypeG

CC700SR ဆေးရည်ကို ဘိလပ်မြေ ၃ အိတ်လျှင် တစ် လီတာနှုန်း (သို့မဟုတ်) ဘိလပ်မြေ အလေးချိန်၏ 0.5% မှ 2.0% အထိ ရောစပ်အသုံးပြုခြင်းဖြင့် ရေရောစပ်ရသောပမာဏကို 20% ထိလျှော့ ချနိုင် ၍ ကွန်ကရိစွမ်းအားကို + 50% အထိ တိုးတက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည် ကိုပါ ကောင်းမွန်စေသည်။ ဥပမာ 1: 1.5 :3 ကွန်ကရိတွင်ထည့်သုံးပါ က ဘိလပ်မြေ၊သဲ၊ ကျောက် အရည်အသွေးပေါ်မူတည်၍ ၇ ရက်အတွင်းတွင် 5000psi (cube) ရစေသည်။ ရေပါဝင်မှု ကို လျော့ကျစေ၍ အပူကြောင့်ကွဲခြင်း ( Shrinkage, Creep ) ကို သက်သာစေပြီး ရေစိမ့်ဝင်မှုကိုကာကွယ်သည်။ ဘိလပ်မြေအိပ်ခြင်း (Setting Time) ကို ၂ နာရီမှ ၄ နာရီအထိ ထိန်ထားပေးခြင်းအားဖြင့် ကွန်ကရီသယ်ဆောင်ရာတွင်လည်းကောင်း၊ Pump ဖြင့် ကွန်ကရိလောင်းခြင်းလုပ်ငန်းများကိုလည်းကောင်း လွယ်ကူစွာဆောင်ရွက်နိုင်သည် ။ 

CC700SR ကိုစွမ်အားမြင့် ကွန်ကရိ လောင်းခြင်း (ဥပမာ – Post-tensioning Work နှင့် အထပ်မြင့်အဆောက်အဦလုပ်ငန်းများ) ကြိုတင်သွန်းလောင်းကွန်ကရိ လုပ်ငန်းများ၊ ကြိုတင်စွမ်းအားဖြည့် ကွန်ကရိလုပ်ငန်းများ၊ Ready Mixed ကွန်ကရိ လုပ်ငန်းများ၊ Pump ဖြင့် ကွန်ကရိလောင်းခြင်း၊ Repair နှင့် Grouting လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံး ပြုနိုင် သည်။ 

Brochure

CC EN Brochure
CC MM Brochure
Find Us on FaceBook
Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from - Youtube
Vimeo
Consent to display content from - Vimeo
Google Maps
Consent to display content from - Google
Spotify
Consent to display content from - Spotify
Sound Cloud
Consent to display content from - Sound