International Standardization Organization (ISO) သည် အုပ်ချုပ်ရေး (Management System) ဓါတ်ခွဲခန်း (Laboratory System) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု (Environmental System) အစရှိသဖြင့် အပြည်ပြည်ဆိုင်ရာသုံး အဆင့်အတန်းသတ်မှတ်ချက် (Standard) များကို အချိန်ကာလ နှင့်တစ်ပြေးညီ သတ်မှတ် ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ISO မှစစ်ဆေးအတည်ပြုချက် ရထားပြီးသည့် လုပ်ငန်းကို ISO အသိအမှတ်ပြုလုပ်ငန်းအဖြစ် သတ်မှတ်ကာ ကမ္ဘာ့စီးပွါးရေး လုပ်ငန်း များတွင် တွင်ကျယ်စွာ ချိတ်ဆက် လုပ်ဆောင်နေကြပါသည်။

ISO ၏ System များအနက် ISO Management System (ISO-9001:2015) သည် မည်သည့်လုပ်ငန်း အမျိုးအစားတွင်မဆို (ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အတိုင်ပင်ခံ လုပ်ငန်း၊ နည်းပညာဆိုင်ရာလုပ်ငန်း) သတ်မှတ်ကျင့်သုံးနိုင်သဖြင့် အသုံးအများဆုံးနှင့် အကျော်ကြား ဆုံးလည်းဖြစ်သည်။ ISO-9001 လက်မှတ်ရထားသောလုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာ စျေးကွက် တွင်လည်း တန်းဝင်ပြီးဖြစ်သည်။

ISO-9001 ၏ အဓိကမောင်းနှင်အားမှာ Quality Management System (QMS) ပင် ဖြစ်သည်။ လုပ်ငန်းတစ်ခု၏ဌာနများ (HR, Admin, Sales and Marketing, Design, Operation, Production အစရှိသဖြင့်) ကို အရည်အသွေးမြှင့်တင်ခြင်း၊ စနစ်တကျချိတ်ဆက်ခြင်း၊ Customer ကျေနပ်မှု ရစေခြင်း၊ စွန့်စားမှု Risk Assessment နှင့် ဝန်ထမ်းများ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပီပြင်စေခြင်း (Evidence Based) နှင့် Safety, Healthcare, Social Security တို့ကိုလည်း ယှဉ်တွဲဖြစ်ပေါ်စေပါသည်။

မိမိတို့ ကုမ္ပဏီလုပ်ငန်းသည် Design, Construction Supervision, Testing and Calibration ဟူ၍ Discipline (၃) ခုအတွက် ISO-9001:2015 Certificate ကို ရယူထားရာ နှစ်စဉ် Surveillance Audit (Professional and International Audit) ဝင်ရောက် စာရင်းစစ်တိုင်း NC ခေါ် Non-Conformance မထိစေရန် အထူးသတိထားဆောင်ရွက်ရပါသည်။ Observation ဟူသည့် လုပ်ငန်းလိုအပ်ချက် နှင့် Minor NC ဟူသည့် အသေးစားမှားယွင်းမှုထိ ပြဿနာမရှိသော်လည်း Major NC ထိပါက Certificate ၏ Validity ယာယီရပ်စဲခြင်း ခံရမည်ဖြစ်ပါသည်။

ယခုနှစ် COVID-19 Outbreak ကာလအတွင်း (၈-၅-၂၀၂၀) နေ့တွင် Surveillance Audit ဝင်မည်ဟု အကြောင်းကြားစာ ကြိုတင်ရရှိကထဲက တစ်နှစ်အတွင်းရှိ Management System Review, Internal Audit Review, KPI Review အစရှိသည်တို့ကို Half by half စနစ် (လူတစ်ဝက်၊ အလုပ်ချိန် တစ်ဝက်) ဖြင့် လုပ်ကိုင်ပြင်ဆင်ခဲ့ပါသည်။

COVID-19 Outbreak တားဆီးကာကွယ်ရေး အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရရွက်ခြင်း၊ ရုံးမိန့်နှင့် ကြေငြာချက် ထုတ်ခြင်း၊ Healthcare Form ထုတ်ခြင်း၊ Mask, Hand Sanitizer, Anti-virus Spray များပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

Auditor Team ၏ Corrective Action Register Report (CAR) အရ Observation (၃) ခုသာ သတ်မှတ်ခံရပြီး Certificate Validity အောင်မြင်ခဲ့ပါသည်။ သတိပြုမိသည်ကား များစွာသော Engineer ဆိုင်ရာ လုပ်ငန်းဆောင်တာများသည် စနစ်တကျလုပ်ကိုင်ထားသည့်အတွက် Observation (၁) ခု သာရှိ ပြီး COVID-19 Outbreak Precaution အတွက် Observation (၂) ခု ရှိနေခြင်းပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယခုနှစ်၏ Item အသစ်ဖြစ်သည့် COVID-19 အတွက် ISO Team သည် အထူးသတိ ထားပြီး ကုမ္ပဏီ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွါးရေးအတွက် ဆောင်ရွက် စေခြင်းဖြစ်သည်။ Final Meeting တွင် Lead Auditor က “CSC ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများသည် စနစ်ကျတိုးတက်မှုရှိကြောင်း၊ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုများ ကိုလည်းတွေ့ ရကြောင်း၊ ပိုမိုထိရောက်မှုရှိစေရန် အတွက် Observation (1) နှင့် (2) တွင်မှတ်ချက်ပြု ထားသည့် အတိုင်း Rules and Regulations ထုတ်ခြင်း၊ Risk Assessment ကို ISO Standard Table တွင်ထပ်မံ ထည့်သွင်းစေလို​ကြောင်း” ပြောကြားခဲ့ပါသည်။

မိမိတို့ QMR team (Quality Management Representative) က COVID-19 အတွက် ဆောင်ရွက် နေသည့် Risk Assessment (၃) ခုရှိပါသည် –

(1) Personal Traveling from Outside Yangon

– To fill health declaration form

– To be stayed 21+7 Quarantine Period before working

(2) Official Traveling from/to Yangon by office car

– To fill health declaration form

– Mask, hand sanitizer and anti-virus spray to be equipped along the trip and site

(3) Daily office activities

– Temperature monitoring

– Full time wearing mask

– Washing hand very often with soap and water (or) use hand sanitizer

– Working in social distancing 3 to 6 feet.

General discussion အပိုင်းတွင် “Future Business Strategy” ရေးဆွဲမည့်အကြောင်း မိမိမှ တင်ပြရာ ISO Auditor Team မှ COVID-19 အလွန်တွင် လုပ်ငန်းလုပ်ကိုင်ပုံများ ပြောင်းသွားတော့ မည်ဖြစ်ကြောင်း၊ မိမိတို့ ISO ၏ ဆောင်ပုဒ်အတိုင်း “Keep on improving” ဖြစ်နေမည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့ပါသည်။

မှန်ပေ၏။ လုပ်ငန်းလုပ်ကိုင်ပုံများပြောင်းလဲနေပေပြီ –

(၁) မိမိ၏ QMR team တွင်ပါဝင်ခဲ့သူအချို့သည် Home Stay ကာလတွင် ရုံး၏ Accommodation (သို့မဟုတ်) Regular Accommodation တွင်မနေပဲ ကိုယ့်သဘောနှင့်ကိုယ် ခရီးသွားလာခဲ့ခြင်းကြောင့် Lockdown မိကာ ပြန်မရောက်တော့ခြင်း (သို့မဟုတ်) 21+7 Day Quarantine ဝင်နေရသည့်အတွက် အခြားသူမှ ဝင်ရောက်အစားထိုး လုပ်ကိုင်နေခြင်း၊

(၂) ယခင် Team Work တွင် အလုပ်လုပ်နေသူများကို Team အသစ်တွင် တာဝန်ပေးသည့်အခါ လုပ်ငန်းမကျွမ်းကျင်မှုနှင့် အမှားများပေါ်လာခြင်း၊

(၃) ယခင် Daily Office Activity တွင် ပုံမှန်ပြောဆိုလုပ်ကိုင်နေသော သူများသည် Online မှ ချိတ်ဆက် လုပ်ကိုင်သည့်အခါ လက်ရှိရုံးရှိ Standby team နှင့် သဟဇာတမဖြစ်ခြင်း၊ လုပ်ငန်း လွှဲပြောင်းပေးနိုင်မှုမရှိခြင်း၊ တာဝန်ယူ ပြီးမြောက်အောင် မလုပ်နိုင်ခြင်း၊

(၄) ယခင် အရန်တာဝန် ယူထားရသူများသည် လက်ရှိ Standby team တွင် အဓိကတာဝန်များ ကို ဝင်ရောက်ထမ်းဆောင်ကာ လုပ်ငန်းလျှင်မြန်သွက်လက်ခြင်းနှင့် ပြီးမြောက်ခြင်း၊ ISO Surveillance Audit ကိုပင် အောင်မြင်စွာဖြတ်ကျော်နိုင်ခြင်း၊

(၅) နည်းပညာဆိုင်ရာလုပ်ငန်း (Institutional / Specialty Contractor) ဖြစ်သည့်အတွက် ပုံမှန် အချိန်တွင် အုပ်ချုပ်ရေးတာဝန်ယူထားရသူ Professional Technician များသည် လုပ်ငန်းထိရောက် မြန်ဆန်မှု ရှိစေရန် အပိုဒ် (၁) တွင်ပါဝင်သည့် သူများ နေရာတွင် အစားထိုး ဝင်ရောက်လုပ်ကိုင်ရာ လုပ်ငန်းပြီးစီးမှု ကောင်းစွာဖြစ်ထွန်းနေခြင်း၊

(၆) Office Automation Equipment များအဆင့်မြှင့်တင်ခြင်းနှင့် Software (Program) အသစ် များအသုံးပြုကာ e-commerce (e-business) သို့ အသွင်ကူးပြောင်းနေခြင်း၊

(၇) လူဦးရေနှင့် ရုံးတက်ချိန် ကို တစ်ဝက် လျှော့ချထားသော်လည်း (Field Work ဆောင်ရွက် နေသူများမပါ) လုပ်ငန်း ပုံမှန် လည်ပတ်နေခြင်း၊

စသည်တို့ကို မျက်ဝါးထင်ထင်တွေ့မြင်နေရပြီဖြစ်ရာ လက်ရှိလုပ်ငန်းခွင်အခြေအနေနှင့် လိုက်လျော ညီထွေ သဟဇာတ ဖြစ်အောင် သတိထား၊ ဝိရိယစိုက်၊ ပညာဖြင့် ကြိုးစား အားထုတ်ကြရမည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ဝင်းနိုင်ထွန်း (မြို့ပြ)

၂၀၂၀ ပြည့်နှစ် မေလ (၁၁) ရက်

ကိုးကား – ISO 9001:2015 QMS System; CSC Group Internal and Surveillance Audit Report


Aung Htet

Civil & Geotechnical Engineer

Privacy Settings
We use cookies to enhance your experience while using our website. If you are using our Services via a browser you can restrict, block or remove cookies through your web browser settings. We also use content and scripts from third parties that may use tracking technologies. You can selectively provide your consent below to allow such third party embeds. For complete information about the cookies we use, data we collect and how we process them, please check our Privacy Policy
Youtube
Consent to display content from - Youtube
Vimeo
Consent to display content from - Vimeo
Google Maps
Consent to display content from - Google
Spotify
Consent to display content from - Spotify
Sound Cloud
Consent to display content from - Sound